Aye Chan

Flow

受け入れの流れ

技能実習生は、日本入国前後に行われる講習を修了後、
受入企業へ配属されます。配属後は基本的な業務からスタートし、
段階的に高度な技術や技能を学んでいきます。

Q & A

01

COE အောင်ချက်ဘယ်လောက်ထိရှိလဲ?

COE အောင်ချက် 90% နဲ့အထက်ရှိပြီးတော့ ဂျပန်နိုင်ငံကို ကျောင်းသား၊ကျောင်းသူ အယောက်၂၀၀ ကျော် ပို့ဆောင်ပြီးပြီဖြစ်ပါတယ်။

02

Japan နိုင်ငံမှာ ကျောင်းလျှောက်ဖို့အတွက် ဘာတွေလိုအပ်လဲ?

ဂျပန်နိုင်ငံမှာ ကျောင်းလျှောက်ဖို့အတွက် မြန်မာနိုင်ငံအတွင်းမှာရရှိနိုင်တဲ့ အထက်တန်းပြီးဆုံးကြောင်း Certificate တစ်ခု လိုအပ်ပါတယ်။ Grade 12 အောင်လက်မှတ်အပြင် GED,IGCSE စတဲ့ တစ်ခြားသော အထက်တန်းပြီးဆုံးကြောင်း Certificate တစ်ခုခုရှိရုံနဲ့တင် ဂျပန်နိုင်ငံမှာ ကျောင်းလျှောက်မယ့် Process ကို စတင်လုပ်ဆောင်နိုင်ပါတယ်။

03

Japan မှာ ကျောင်းတက်ဖို့ Intake ဘယ်နှစ်ှစ်ရှိလဲ?

Japan နိုင်ငံမှာကျောင်းတက်ဖို့အတွက် Intake 4 ခုရှိပါတယ်။ January Intake , April Intake, July Intake နဲ့ October Intake ဆိုပြီး လေးခုရှိပြီးတော့ မိမိ ကြိုက်နှစ်သက်ရာ Intake မှာကျောင်းလျှောက်ထားနိုင်ပါတယ်။

04

Japan စာနဲ့ပတ်သက်တဲ့ Certificate တွေရောလိုလား?

Japan နိုင်ငံမှာကျောင်းတက်ဖို့အတွက် အနည်းဆုံး N5 အောင်မြင်ထားဖို့လိုအပ်ပါတယ်။ April Intake ကျောင်းတွေကို N5 ပြီးဆုံးကြောင်းလက်မှတ်နဲ့တင်လျှောက်ထားလို့ရပေမယ့် July Intake ကျောင်းကိုလျှောက်ထားဖို့အတွက် N4 အောင်မြင်ထားဖို့လိုအပ်ပြီးတော့ October Intake နဲ့ January Intake ကျောင်းဆိုရင်တော့ N3 အောင်မြင်ထားဖို့လိုအပ်ပါတယ်။

05

ဂျပန်နိုင်ငံက ဘယ်မြို့တွေမှာကျောင်းလျှောက်လို့ရလဲ?

06

Scholarship အတွက်ရော လုပ်ပေးလား?

N3 အောင်မြင်ထားသူများအတွက် Kaigo(ဘိုးဘွားစောင့်ရှောက်) Scholarship ရှိပြီးတော့ N2 အောင်မြင်ထားသူများကတော့ Kaigo(ဘိုးဘွားစောင့်ရှောက်) Scholarship ရော Car Scholarship ကိုပါလျှောက်ထားနိုင်ပါတယ်။

07

ကိုယ့်ကို ကျောင်းစရိတ်ထောက်ပံ့ ပေးမယ့်လူက မြန်မာနိုင်ငံကမဟုတ်ဘဲ ဂျပန်နိုင်ငံရောက်နေပြီးသားလူဆိုရင်ရောရလား?

ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက တောင်းဆိုတဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံပေးနိုင်မယ်ဆိုရင် ဂျပန်မှာနေထိုင်နေသူကလည်း ကျောင်းစရိတ်ထောက်ပံ့ပေးနိုင်ပါတယ်။

08

ဂျပန်မှာ ရောက်ရင် ဘယ်လိုအထောက်အပံ့တွေ ရရှိနိုင်မလဲ?

အချိန်ပိုင်းအလုပ်မိတ်ဆက်ပေးတာတွေ၊ Bank Account ဖွင့်ပေးတာနဲ့ ဖုန်း SIM ကတ်ပြုလုပ်ပေးတာတွေကို ကူညီပေးတဲ့အပြင် တခြားအခက်အခဲတစ်ခုခုရှိလာရင်လည်းအချိန်မရွေး ဆွေးနွေးတိုင်ပင်လို့ရနိုင်ပါတယ်။

09

ဂျပန်မှာ ရောက်ရင် ဘယ်လိုအထောက်အပံ့တွေ ရရှိနိုင်မလဲ?

အချိန်ပိုင်းအလုပ်မိတ်ဆက်ပေးတာတွေ၊ Bank Account ဖွင့်ပေးတာနဲ့ ဖုန်း SIM ကတ်ပြုလုပ်ပေးတာတွေကို ကူညီပေးတဲ့အပြင် တခြားအခက်အခဲတစ်ခုခုရှိလာရင်လည်းအချိန်မရွေး ဆွေးနွေးတိုင်ပင်လို့ရနိုင်ပါတယ်။

10

မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးသားဆိုရင်ရော ဂျပန်မှာကျောင်းတက်လို့ရလား?

မြန်မာနိုင်ငံသားဘွဲ့ရထားပြီးသားဆိုရင်လည်းဂျပန်နိုင်ငံမှာကျောင်းလျှောက်ထားနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ Language School 2 နှစ်တက်ပြီးလို့ တက္ကသိုလ်၊ကောလိပ် ဆက်မတက်ချင်ဘူးဆိုရင်လည်း Aye Chan Myanmar Co.,Ltd အနေနဲ့ Work Visa ပြောင်းလို့ရအောင် ကူညီဆောင်ရွက်ပေးပါတယ်။

上部へスクロール