“ Aye Chan Myanmar Co.,Ltd နှင့်လက်တွဲထားသော Star Bright Japanese Language School ဟာ ၂၀၁၉ ခုနှစ်တွင်တည်ထောင်ခဲ့သော ဂျပန်စာအတတ်သင်ကျောင်းတစ်ခုဖြစ်ပါသည်။ Japan စာ Basic Level မှစ၍ N5,N4,N3,N2 အထိ တန်းခွဲများစွာကို ဖွင့်လှစ်ထားကာ ကျောင်းသားပေါင်း ၅၀၀ ကျော် သင်ကြားတက်ရောက်ပြီးပြီဖြစ်ပါသည်။ ဂျပန်စာသင်ကြားမှုများအပြင် ဂျပန်နိုင်ငံသို့ သွားရောက်လိုသူများအတွက် အခမဲ့ဆွေးနွေးပေးခြင်း၊ ဂျပန်နိုင်ငံတွင်အခြေကျနေထိုင်နိုင်သည်အထိ Guideline များပေးခြင်း၊ ဂျပန်နိုင်ငံသို့သွားရောက်ရာတွင်လိုအပ်သည့် အချက်အလက်များ ပြင်ဆင်ပေးခြင်း၊ စာရွက်စာတမ်းများကို Notary ပြန်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကိုပါ ကူညီဆောင်ရွက်ပေးနေသော သင်တန်းကျောင်း တစ်ခုအဖြစ်ပါ ရပ်တည်လျက်ရှိပါသည်။ ဂျပန်နိုင်ငံသို့ Student Visa ဖြင့် အယောက် ၂၀၀ ကျော်၊ Training Visa ဖြင့် အယောက် ၃၀ ကျော်၊ Tokutei Visa ဖြင့် အယောက် ၆၀ ကျော်၊ Work Visa ဖြင့် အယောက် ၂၀ ကျော် ပို့ဆောင်ထားပြီးဖြစ်ကာ COE 90% နှင့်အထက်ရှိသော နာမည်ကြီး သင်တန်းကျောင်း တစ်ခုလည်းဖြစ်ပါသည်။ “