Aye Chan

Student Voice

学生の生の声

Swan Pyae Han

ကျွန်တော်ကတော့ N5 Basic ကစလို့ N2 အောင်မြင်ပြီးသည်အချိန်အထိ Aye Chan Myanmar Co.,Ltd နဲ့ချိတ်ဆက်ထားတဲ့ Star Bright ဂျပန်စာသင်တန်းကျောင်းရဲ့ ငယ်မွေးခြံပေါက်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။N2 အောင်မြင်ပြီးချိန်ကစလို့ Nissan Scholarship ကို Interview ဖြေပြီးတဲ့အချိန်အထိ အမြဲလိုလို ဂရုတစိုက်နဲ့ လမ်းပြပေးခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ Scholarship ကျောင်းသားဖြစ်လာသည့်တိုင်အောင် အဆင်ပြေချောမွေ့ခဲ့ပါတယ်။ဂျပန်နိုင်ငံမှာကျောင်းတက်ချင်တဲ့ကျောင်းသားတိုင်းအတွက် Aye Chan Myanmar Co.,Ltd က အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်ဆိုတာ ကျွန်တော့်အနေနဲ့အာမခံပါတယ်ခင်ဗျာ။

Pwint Phoo Wai

ကျွန်မကတော့ Star Bright ဂျပန်စာသင်တန်းကျောင်းမှာပဲ ဂျပန်စာ N2 Level ထိတက်ရောက်အောင်မြင််ခဲ့ပြီး Aye Chan Myanmar Co.,Ltd နဲ့ ဆက်လက်ချိတ်ဆက်ပြီးတော့ Nissan Scholarship ကိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။ စကားပြောအပိုင်းတွေတင်မကဘဲ Scholarship စလျှောက်တဲ့အချိန်ကစလို့ Interview ဖြေတဲ့အချိန်မှာရော ဂျပန်နိုင်ငံကိုရောက်တဲ့အချိန်မှာကူညီပေးခဲ့တဲ့အတွက်ပါ Aye Chan Myanmar Co.,Ltd နဲ့ Star Bright ဂျပန်စာသင်တန်းကျောင်းက ဆရာ၊ဆရာမ တွေကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

Ei Ei Zaw

ကျွန်မ က Aye Chan Myanmar Co.,Ltd ရဲ့ကူညီမှုနဲ့အတူ ဂျပန်နိုင်ငံမှာပညာသင်ကြားနေတဲ့ Language School ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံကိုမရောက်ခင်အချိန်မှာကတည်းက Aye Chan Myanmar Co.,Ltd နဲ့ ချိတ်ဆက်ထားတဲ့ Star Bright ဂျပန်စာသင်တန်းကျောင်းမှာ N3 Level အထိတက်ရောက်အောင်မြင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိနေတဲ့အချိန်မှာကတည်းက ဂျပန်နိုင်ငံမှာကျောင်းတက်ဖို့အတွက် ငွေကြေးကုန်ကျစရိတ်နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့အပြင် Evidence တွေကိုလည်း သေချာပြသပေးလို့ ငွေကြေးလိမ်လည်မှု ကိစ္စများအတွက်လည်းစိတ်ပူစရာမလိုခဲ့ပါဘူး။ဒါတင်မကသေးဘဲ ဂျပန်နိုင်ငံမှာ နေထိုင်ဖို့အတွက် COE အပါအဝင် လိုအပ်တဲ့ စာရွက်စာတမ်းအားလုံးကိုလည်း Aye Chan Myanmar Co.,Ltd ဘက်ကနေ အစအဆုံး ကူညီပေးခဲ့တဲ့အတွက်ကိုလည်း ကျေးဇူးတင်ချင်ပါတယ်။

Mal Tip Guu

ဂျပန်စာရော ဂျပန်နိုင်ငံအကြောင်းကိုရော ကောင်းကောင်းမသိတဲ့ ကျွန်မအတွက် Aye Chan Myanmar Co.,Ltd နဲ့ Star Bright ဂျပန်စာသင်တန်းကျောင်းတို့က အကောင်းဆုံးလမ်းပြပေးခဲ့တာလို့ပြောလို့ရပါတယ်။ ဂျပန်စာအခြေခံကစလို့ ဂျပန်နိုင်ငံမှာ Language School တက်တဲ့အချ်ိန်အထိ အဆင်ပြေချောမွေ့အောင် Aye Chan Myanmar Co.,Ltd ဘက်ကနေ အစအဆုံး ကူညီပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ Sensei တွေရဲ့ အသင်ပြကောင်းမှုတွေကြောင့် N2 Level အထိ အောင်မြင်ခဲ့ပြီး ဂျပန်နိုင်ငံမှာ Language School တက်တဲ့အချိန်မှာလည်း ဆုရရှိခဲ့ပါတယ်။အခြေခံအုတ်မြစ်ရော၊ အနာဂတ်အတွက်ရောသေချာ သင်ကြားပံ့ပိုးပေးခဲ့တဲ့ Aye Chan Myanmar Co.,Ltd နဲ့ Star Bright ဂျပန်စာသင်တန်းကျောင်းကို ကျေးဇူးတင်ပါတယ်ရှင့်။

Kay Thi Soe

ဂျပန်နိုင်ငံမှာ ပညာသင်ကြားနိုင်ဖို့အတွက် နယ်ကနေ ရန်ကုန်မြို့ကို ခြေဆန့်လာတဲ့ကျွန်မအတွက် Aye Chan Myanmar Co.,Ltd က နားခိုရာဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ Star Bright ဂျပန်စာသင်တန်းကျောင်း မှာ ဂျပန်စာကိုစတင်လေ့လာခဲ့ပြီးတော့ ကျောင်းကစီစဉ်ပေးတဲ့ အဆောင်မှာတင်နေထိုင်ခဲ့တာပါ။ အဆောင်က သန့်ရှင်းပြီး စာလေ့လာဖို့အတွက်လည်း တိတ်ဆိတ်တဲ့ နေရာလေးတစ်ခုဖြစ်ခဲ့လို့ အတော်လေး အဆင်ပြေခဲ့ပါတယ်။

ဂျပန်ရောက်တဲ့အချိန်မှာလည်း ဆရာက ဂျပန်နိုင်ငံရဲ့ နာမည်ကြီးနေရာတွေကို စိတ်ရှည်လက်ရှည်လိုက်ပို့ပေးတဲ့အတွက်လည်း အမှတ်တရကောင်းတွေအများကြီးရခဲ့ပါတယ်။ကျောင်းသားအားလုံးကို ကျောသား၊ရင်သားမခွဲခြားဘဲ ဆက်ဆံပေးခဲ့လို့၊ကူညီပေးခဲ့လို့ Aye Chan Myanmar Co.,Ltd ကိုအမြဲကျေးဇူးတင်နေမှာသေချာပါတယ်။

Lae Lae Hnin

Aye Chan Myanmar Co.,Ltd နဲ့ ချိတ်ဆက်ထားတဲ့ Star Bright ဂျပန်စာသင်တန်းကျောင်းကို အစ်ကိုဝမ်းကွဲစီက ကြားခဲ့ပြီး ဂျပန်နိုင်ငံလမ်းကြောင်းပေါ်ကို ကျွန်မ ရောက်လာခဲ့တာဖြစ်ပါတယ်။ ဆရာ၊ဆရာမ တွေရဲ့ နွေးထွေးတဲ့ ဆက်ဆံရေး၊ တိကျကောင်းမွန်တဲ့ သင်ကြားမှုတွေကြောင့်မလို့ ဂျပန်စာလေ့လာတဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ခဲ့ပါတယ်။

ဂျပန်နိုင်ငံကိုရောက်ပြီးလို့ Language School တက်ချိန်ကစလို့ အခု အချိန်ထိ လိုအပ်တာရှိတာနဲ့ Aye Chan Myanmar Co.,Ltd က ကူညီပေးနေတာကြောင့် ဂျပန်နိုင်ငံမှာ နေထိုင်ရတာ စိတ်လုံခြုံမှုရစေပါတယ်။ ကျောင်းတစ်ဖက်၊ နေထိုင်ရေးတစ်ဖက်နဲ့ ဗျာများနေတယ်ဆိုပေမယ့် ဆရာ၊ဆရာမ တို့ အမြဲသင်ပေးလိုက်တဲ့ “ တစ်ချိန်ကျရင် ကောင်းတဲ့အမှတ်တရတစ်ခုအနေနဲ့ကျန်ခဲ့မှာပါ “ ဆိုတဲ့ စကားကိုအမြဲကြားယောင်ရင်း ရှေ့ဆက်လျှောက်နေပါတယ်။

上部へスクロール